မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂလာစျေးအတွင်း Mask ပေးဝေခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ကျန်းမာရေးလက်ကမ်းစာ​စောင်များ ဝေငှခြင်းဆောင်ရွက်

မင်္ဂလာတောင်ညွန့်  စက်တင်ဘာ ၇

ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ခြင်အန္တရယ်ကင်းဝေးစေရန်နှင့် ပြည်သူများကျန်းမာရေးအသိပညာတိုးပွားစေရန် ရည်ရွယ်၍ မင်္ဂလာဈေးအတွင်း Mask ပေးဝေခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ကျန်းမာရေးလက်ကမ်းစာ​စောင်များ ဝေငှခြင်းကို ယနေ့ နံနက် (၉း၃၀ ) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့သို့‌ ဆောင်ရွက်ရာတွင် ပြည်သူများကိုဗစ်-၁၉ ​ရောဂါကာကွယ်​ရေးအတွက် mask ပေးဝေခြင်း၊ ဆိုးဆေးပါသော အစားအသောက်များ ရောင်းချမှု မရှိစေရေးစစ်ဆေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံးသွန်လဲစစ်ပြုလုပ်ခြင်းတို့ကို    မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဌာနမှ ၀န်ထမ်းများက ပူးပေါင်း‌ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

ထို့နောက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးမှ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်နှင့် ဗီနိုင်း၊ ပိုစတာများ ပေးဝေခဲ့ကြောင်း သိရှိရသည်။

ချစ်သဲ (ပြန်ဆက်)