မိုင်းဆတ်မြို့ခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်(အကြို)စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မိုင်းဆတ် စက်တင်ဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့မွန်းတည့် (၁၂)နာရီခွဲအချိန်က နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်(အကြို)စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းကြည်အေးက နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် စာတတ်မြောက်မှုမှာများစွာအရေးပါကြောင်းနှင့် စာစီစာကုံးပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲသည်။

အဆိုပါ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်(အကြို) အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို အ.ထ.က(မိုင်းဆတ်)မှ ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။  

မြင့်မောင်(မိုင်းဆတ်)