ချမ်းမြသာစည်မြို့နယ် အမှတ် (၃၀) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

ချမ်းမြသာစည်  စက်တင်ဘာ  ၇

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် အမှတ်(၃၀) အခြေခံပညာ အထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမ၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့်အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးကိုယ်စား  ဆရာမဒေါ်ထားထားနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မန္တလေးခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက် များကို ပြောကြား၍ လူငယ်များအသိပညာ၊ အတတ်ပညာနှင့် လူ့ကျင့်ဝတ်တန်ဖိုး မြှင့်တင်ပေးရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြောစွမ်းရည်များ တိုးတက်လာ‌စေရန် လူငယ်စကားဝိုင်းများကို ကျင်းပပြုလုပ်ရခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် စကားဝိုင်းကိုဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်ခင်စိမ်းဝင်းက Moderatorအဖြစ် ဦးဆောင်‌ဆွေးနွေးခဲ့ပြီး Grade–12 ကျောင်းသား မောင်‌ဟိန်းမြတ်‌အောင်က “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade– 11 ကျောင်းသား မောင်အောင်မျိုးခိုင်က “လူငယ်နှင့်စာပေ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade–10ကျောင်းသူ မချစ်ပုံ့ပုံ့အောင်က ‌”လူငယ်နှင့်ယဉ်‌ကျေးမှု” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade– 10ကျောင်းသူ မဟိန်ဇင်ဦးက “လူငယ်နှင့်မူးယစ်‌ဆေးဝါး” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် စကားဝိုင်းသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကလည်း ပြန်လည်ဖြည့်စွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ လူငယ်စကားဝိုင်းသို့ မန္တလေးခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး‌ ဒေါ်မြင့်မြင့်သန်း၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် ဝန်ထမ်းများ၊ အမှတ်(၃၀) အခြေခံပညာအထက်‌တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ ဆရာမများ၊ အထက်တန်းအဆင့် ‌ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာ ( ချမ်း/ စည်)