မိုင်းယန်း စက်တင်ဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ (၁၁၁.၉၅)သန်းဖြင့် ဝမ်တောင်း-နမ့်မုတ် ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်း (၀/၆)မိုင်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ယနေ့နံနက် ၁၀ နာရီက ခရိုင်/ မြို့နယ်အဆင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အဆိုပါ လုပ်ငန်းပြီးစီးမှုကွင်းဆင်းစစ်ဆေးရာတွင် မိုင်းယန်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဝမ်တောင်း-နမ့်မုတ် ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်း (၀/၆) မိုင်လုပ်ငန်းအား သတ်မှတ်ကာလအတွင်း ၁၀၀% ဆောင်ရွက်ပြီးစီးမှုနှင့် သတ်မှတ်စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဝမ်တောင်း-နမ့်မုတ် ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်း (၀/၆) မိုင် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ကျေးရွာအုပ်စု(၁)အုပ်စု၊ ကျေးရွာ(၃)ရွာ၊ အိမ်ခြေ(၁၆၂)အိမ်၊ လူဦးရေ(၈၁၃)ဦး အကျိုးပြုသွားနိုင်မည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ထွန်းထွန်းထူး