အမ်းခရိုင်၌ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

 အမ်း စက်တင်ဘာ ၇

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကြီးကြပ်မှုဖြင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲခရိုင်အဆင့်ဖွင့်ပွဲ အခမ်းအနားကို ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က(၂၄) ကြိမ်မြောက်  အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အမ်းမြို့နယ်မှ အဆိုဝါသနာရှင် ဦးမောင်သာညွန့်က "လုလင်ငယ်သွေး" တေးသီချင်းဖြင့်လည်းကောင်း အကနည်းပြဆရာမ ဒေါ်ခင်မာဆန်းမှ"ရွှင်လန်းနိုင်ကြပါစေ" တေးသီချင်းဖြင့် ကပြဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ (၂၄) ကြိမ်မြောက် ခရိုင်အဆင့်အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပြုလုပ်ရာ အသက် ၁၀ နှစ်မှ ၁၅ နှစ် ခေတ်ဟောင်း ကာလပေါ်တေးသီချင်းနှင့်အတီး၊  အသက် ၁၅ နှစ် မှ ၂၀ နှစ် ခေတ်ဟောင်းကာလပေါ် တေးသီချင်း၊ ဝါသနာရှင်(ဒုတိယ)တန်း (မဟာဂီတ)၊ ဝါသနာရှင် ဒုတိယတန်း (ခေတ်ဟောင်းကာလပေါ်)နှင့် အမျိုးဂုဏ်ဇာတိဂုဏ်သီချင်းများဖြင့်  ဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၆ )ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)