လင်းခေးအခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

လင်းခေး  စက်တင်ဘာ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက ၂၀၂၃ ခုနှစ် စက်တင်ဘာလ()ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့က အဆိုပါကျောင်း ပတ္တမြားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ကျင်းပရာတွင် အခြေခံပညာအထက်တန်းဆင့် စာစီစာကုံးအား စာတတ်မြောက်ရေးသင်ကြားပေး၊ မနှေးဆောင်ရွက် တိုင်းပြည်တွက်ခေါင်းစဥ်နှင့် ကဗျာခေါင်းစဥ်၌ ဘဝပန်းများ ပွင့်လန်းစေခြင်း၊ စာကိုသင်၊ အလယ်တန်းအဆင့်စာစီစာကုံးတွင် “အနာဂတ်ဘဝ သာယာဖို့၊ စာမတတ်သူ ဝိုင်းကူစို့ခေါင်းစဥ်နှင့် ကဗျာတွင် "စာပေတတ်မှ ဘဝမြတ်လိမ့်ခေါင်းစဥ်နှင့် အခြေခံပညာ(ထက်/လယ်/မူ)အဆင့် ပန်းချီပြိုင်ပွဲအား စာတတ်မြောက်မှု၊ အစဥ်ရှေးရှုခေါင်းစဥ် အသီးသီးတို့ဖြင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၆၀)ဦး တို့က ပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း၊ အဆိုပါပြိုင်ပွဲများ၌ ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတကာစာတတ်မြောက်ရေးနေ့၌ ဆုများအသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းအောင်ထံမှ သိရသည်။      

ခရိုင်(ပြန်/ဆက်)