ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး ခရိုင်အဆင့်ကော်မတီက လားရှိုးမြို့ရှိ ခါနန် AG လူမျိုးပေါင်းစုံ အလင်းအိမ် မိဘမဲ့ဂေဟာသို့ နေ့လယ်စာ သွားရောက်လှူဒါန်း

လားရှိုး    အောက်တိုဘာ    ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ကုသရေး ခရိုင်အဆင့်ကော်မတီက လားရှိုးမြို့ ရပ်ကွက်(၁) နယ်မြေ(၉)ရှိ ခါနန် AG လူမျိုးပေါင်းစုံ အလင်းအိမ် မိဘမဲ့ဂေဟာသို့ ယနေ့ နံနက်(၁၁)နာရီခွဲ အချိန်က သွားရောက်ကာ နေ့လယ်စာအတွက် လှူဒါန်းပေးခဲ့ ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ကုသရေး ခရိုင်အဆင့်ကော်မတီဥက္ကဋ္ဌ၊ လားရှိုးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချို ဦးဆောင်၍ အဖွဲ့ဝင်များပါဝင်ကာ အဆိုပါ မိဘမဲ့ဂေဟာရှိ လူဦးရေ(၂၀၀)ဦး စာအတွက် ငွေကျပ်(၃)သိန်းတန်ဖိုးရှိ နေ့လယ်စာနှင့် နှာခေါင်းစည်း(၂၀၀၀)ခုတို့အား လှူဒါန်းပေးအပ်ခဲ့ရာ ဂေဟာတာဝန်ရှိ ဆရာမကြီးက လက်ခံရယူသည်။

အလင်းအိမ် မိဘမဲ့ဂေဟာ၌ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့၊ကျေးရွာများမှ ပါဝင်ကာ အများဆုံးအနေဖြင့် ကွတ်ခိုင်မြို့နယ်ဘက် များမှ မိဘမဲ့ကလေးတိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်ပြီး အသက်(၁)နှစ်(၄)လ အရွယ်ရှိ ကလေးငယ် အပါအဝင် အသက်(၁၉)နှစ်ထိ ကျား/မ စုစုပေါင်း (၂၀၀)ဦး ရှိနေကြောင်း အလင်းအိမ် မိဘမဲ့ဂေဟာမှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ဟန်ဌေး(လားရှိုး)