မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းငေါ့ စက်တင်ဘာ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မိုင်းငေါ့မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းသိုက်ထွန်းက လုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်း‌ပြောကြားခဲ့ပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်မှူးများမှ မိမိတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများကို တစ်ဦးချင်း တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)