မြောက်ဥက္ကလာပ အောက်တိုဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် အ.ထ.က(ခွဲ) လ(၁၀)ကျောင်းတွင် ဖွင့်လှစ်ထားသည့် အသွားအလာကန့်သတ် စောင့်ကြည့် နေရာသို့ ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူရှင်များမှ အလှူငွေများ၊ ရေသန့်ဗူးများ၊ ထမင်းဗူးများကို ယမန်နေ့ နံနက် ၁၀ နာရီက လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ဦးမြင့်သိန်း၊ ဒေါ်ချောစုဝင်းမိသားစုက အလှူငွေကျပ် (၂၄၀,၀၀၀) ဦးအောင်ကိုမင်း၊ မမိုးမိုးဆွေ မိသားစုက အလှူငွေကျပ်(၅)သောင်း၊ ကင်းမွန်အဆင့်မြင့် ငံပြာရည်မှ အလှူငွေကျပ် (၅)သောင်း၊ ဒေါ်စိန်စိန်မိသားစုက အလှူငွေကျပ် (၂)သောင်း၊ (ဋ)ရပ်ကွက် ထာဝရအလှူအသင်းမှ ရေသန့် (၅၀)ကဒ်၊ ကိုသက်ထွန်းအောင်နှင့် ကိုလင်းလင်း မိသားစုက ရေသန့် (၅၀)ကဒ်၊ ဦးကျော်ဝင်းထွန်း(NJC International Co.ltd) မိသားစုက နေ့လယ်စာ ထမင်းဗူး (၁၆၀)ဗူး တို့ကို လှူဒါန်းရာ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်လွင်၊ ရွှေပေါက်ကံရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ရုံးအဖွဲမှူး ဦးနိုင်ဝင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။
ရွှေပေါက်ကံမြို့သစ်ရပ်ကွက်တွင် အသွားအလာကန့်သတ်စောင့်ကြည့်နေရာ (၂)ခုရှိပြီး Quarantine ဝင်ရောက် နေသူများနှင့် Volunteer များအတွက် လိုအပ်ချက်များကို လှူဒါန်းလိုပါက ဆက်သွယ်ရန် ဖုန်း- ၀၉/၄၂၀၁၆၃၇၃၃သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)