ကမာရွတ် စက်တင်ဘာ၇
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးသင်တန်းနှင့်ဟောပြောပွဲကို အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ပညာ့ရတနာခန်းမ၌ ယမန်နေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(၂) ဦးစိုးရန်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးမှူးဒေါ်စိမ်းလဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဝေဖြိုးအောင်နှင့် လူမှုဝန်ထမ်းဦးစီးဌာနအနောက်ပိုင်း ခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူးဒေါ်မိုးပပအောင်တို့က ကလေးသူငယ်အခွင့်အရေးများနှင့်သက်ဆိုင်သည့် ဥပဒေများကိုအသီးသီးဟောပြောပေးခဲ့ပါသည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပေးပြီး တက်ရောက်လာသောကျောင်းသားကျောင်းသူများမှ သိရှိလိုသည်များကိုပြန်လည်မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများမှပြန်လည်ဖြေကြားခဲ့ပါသည်။
အဆိုပါသင်တန်းဟောပြောပွဲသို့ ကျောင်းသားကျောင်းသူ(၁၅၀)ဦးခန့်တက်ရောက်ကြပြီး ကမာရွတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက်၍အသိပညာပေးဟောပြောပွဲများကို ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
စိမ်းလဲ့