ဗဟန်း စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌စက်တင်ဘာ ၅ ရက်နေ့ နံနက် ၁၁း၃၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဗဟန်းမြို့နယ်အတွင်းရှိ Bar၊ Night Club ၊Unplugged ဆောင်ရွက်မည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းများညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ဗဟန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်က ခေါ်ယူရသည့်အကြောင်းရင်း၊ လုပ်ကိုင်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှုးမျိုးခိုင်၊ အတွင်းရေးမှုး ရဲမှူးတင့်လွင်နှင့် အဖွဲ့ဝင်များက စင်တင်၊ Bar ၊ Night Club ၊ Unplugged နှင့် အခြားတေးဂီတဖျော်ဖြေမှုစသည့် လုပ်ငန်းလိုင်စင်များ လျှောက်ထားဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များ၊ လိုက်နာရမည့်အချက်များအား အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ကြသည်။ ထို့နောက် လုပ်ငန်းရှင်များကလည်း သိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
ကြည်ဇေသော်