ကမာရွတ် စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် လူငယ်သီတင်းပတ်နေ့အခမ်းအနားကို ယမန်နေ့နံနက်(၁၀း၀၀)နာရီက LRC(3)ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ)ဆရာမကြီးဒေါက်တာ ဒေါ်မင်းမင်းရီမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက်ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဒေါက်တာမြတ်မြတ်ထွန်း(ပါမောက္ခဌာနမှူး)၊ ဒေါက်တာခင်မာဆွေ(ပါမောက္ခဌာနမှူး)၊ ဒေါက်တာဝါဝါနွယ်ဦး(ပါမောက္ခဌာနမှူး)တို့မှ လူငယ်နှင့်လောကနီတိစကားဝိုင်းဆွေးနွေးကြပြီး နိုင်ငံခြားဘာသာတက္ကသိုလ်မှ နိုင်ငံခြားပညာတော်သင်ကျောင်းသား/ကျောင်းသူများ၏ အတွေ့အကြုံများကို ရှင်လင်းပြီးတက်ရောက်လာသောကျောင်းသား ကျောင်းသူများသိရှိစေရန် လိုအပ်သည်များ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက်လူငယ်သီတင်းပတ်အခမ်းအနားကို ယနေ့မှစ၍ စက်တင်ဘာ ၈ ရက်နေ့အထိ ဆွေးနွေးပွဲများ၊ အားကစားသရုပ်ပြပွဲများ၊ ဖျော်ဖြေရေးအစီအစဥ်များ၊ မိတ်ဆုံစားပွဲများ၊ စာအုပ်ပြပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
စိမ်းလဲ့