မိုင်းရှူးမြို့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုင်းရှူး  အောက်တိုဘာ  ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့များပူးပေါင်း၍ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များကို ယမန်နေ့ညနေပိုင်း က ရပ်ကွက်များနှင့် ဗိုလ်ချုပ်လမ်းမကြီး၌ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်များဖြန့်ဝေရာ၌ မဲပေးခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ လက်ကမ်းစာစောင်နှင့် ဒီမိုကရေစီရှင်သန်ဖို့ မသန်ပေမယ့်စွမ်းသူများအားလုံး မဲပေးကြစို့ လက်ကမ်းစာစောင်များတွင် ရွေးကောက်ပွဲကျင်းပပြုလုပ်သည့် နေ့၌ ဆန္ဒမဲပေးခြင်းသည် နိုင်ငံသားတိုင်း၏ အခွင့်အရေးဖြစ်ကြောင်း၊ ယင်းသို့ ဆန္ဒမဲပေးရာတွင် ဆောင်ရန်/ရှောင်ရန် အချက်များ၊ မသန်စွမ်းသူ ဆန္ဒမဲရှင်များ သိရှိလိုက်နာရမည့် အချက်များ၊ ကိုဗစ်-၁၉ ရောဂါ မကူးစက်အောင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကြေညာချက်များ အတိုင်း လိုက်နာဆောင်ရွက်ရန် စသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

အဆိုပါပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေသည့် မဲပေးခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ လက်ကမ်းစာစောင်နှင့် ဒီမိုကရေစီရှင်သန်ဖို့ မသန်ပေမယ့် စွမ်းသူများအားလုံး မဲပေးကြစို့လက်ကမ်းစာစောင် များ ပါ အကြောင်းအရာများကို ပြည်သူများ သိရှိနိုင်စေရန် မိုင်းရှူးမြို့နယ်အတွင်း စောင်ရေ(၂၇၀၀) ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)