လှည်းကူး စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ဆရာအတတ်ပညာဦးစီးဌာန လှည်းကူးပညာရေးဒီဂရီကောလိပ်၌ ယမန်နေ့မွန်းလွဲ(၂)နာရီက လူငယ်သီတင်းပတ်အထိမ်းအမှတ် စာပေဟောပြောပွဲအခမ်းအနားကို အဆိုပါကျောင်းရှိ ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ဟောပြောပေးမည့် စာရေးဆရာကြီးကောင်းသန့်၏ အတ္ထုပ္ပတ္တိကို ဖတ်ကြားခဲ့ပြီး စာရေးဆရာကြီး ကောင်းသန့်က လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးကဏ္ဍအတွက် လူငယ်နှင့်ပြည်သူ့နီတိခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးသည်။ ထို့နောက်လှည်းကူးပညာရေးဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားပြောကြားပြီး အသိပညာပေးဟောပြောခဲ့သည့် စာရေးဆရာကြီးကောင်းသန့်အား လှည်းကူးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးဒေါ်အေးအေးလွင်က ဂါရဝပြုလက်ဆောင် ပြန်လည်ပေးအပ်သည်။
လူငယ်သတင်းပတ်အခမ်းနားကို လှည်းကူးပညာရေးဒီဂရီကောလိပ်တွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ(၄)ရက်နေ့မှ စက်တင်ဘာလ(၆)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖျော်ဖြေရေးအစီအစဉ်များ၊ အသိပညာပေးပြခန်းများ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ စျေးရောင်းပွဲတော်နှင့် စာပေဟောပြောပွဲများကိုလည်း ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၂)၊ ဆရာအတတ်ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ လှည်းကူးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်များကိုလည်း ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)