တောင်ဥက္ကလာပ စက်တင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၃ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (၄) ပေါက်တန်း၊ ရိုးရာခြင်းလုံး အမှတ်ပေးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၈) နာရီအချိန်က တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားခန်းမ၌ ဆက်လက်ယှဉ်ပြိုင်ကျင်းပကြောင်း သိရသည်။
အဆိုပါရိုးရာခြင်းလုံးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း (၃၄) မြို့နယ် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး စက်တင်ဘာလ (၅) ရက်နေ့မှ (၉) ရက်နေ့ထိ နံနက် (၈) နာရီမှ ညနေ (၃း၃၀) နာရီအထိ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားခန်းမတွင် မြို့နယ်အသင်းအလိုက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပေါင်းစုံပါဝင်ယှဉ်ပြိုင်မှုကို မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ် အကဲဖြတ်ဒိုင်လူကြီးများ၊ နည်းပြများနှင့်အားကစားသမားများ၊ ရိုးရာခြင်းလုံး ဝါဿနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သီတာအေး (ပြန်/ဆက်)