မန့်ဟီးရိုး စက်တင်ဘာ ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ကျောင်းသား/သူများ ကျောင်းစာပေအပြင် ပြင်ပဗဟုသုတများတိုးပွားလာစေရန်၊ လူငယ်လူရွယ်အရွယ်တွင် ထိုးထွင်းကြံဆမှုများ တိုးတက်လာစေရန်နှင့် မြန်မာစကားပုံများကို သိရှိနားလည်ကာ အဓိပ္ပါယ်ကို လက်တွေ့နားလည်အသုံးချတတ်စေရန် ရည်ရွယ်၍ အခြေခံပညာအထက်ကျောင်းမှ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသူ/သူများကို စက်တင်ဘာ ၁၅ ရက်နေ့နံနက်(၁၀:၃၀)အချိန်က စကားပုံဆက်ပြိုင်ပွဲကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ စကားပုံဆက်ပြိုင်ပွဲကို မန့်ဟီးရိုးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်မာမာအောင်က စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား/သူများ ဦးနှောက်ဉာဏ်ရည် ပိုမိုတိုးတက်ဖွံဖြိုးရေးနှင့် ဒေသခံတိုင်းရင်းသား ကျောင်းသား/သူများ မြန်မာ့စကားပုံကို သိရှိနားလည်ကာ မြန်မာ့စာပေစကားပုံများကို ချစ်မြတ်နိုးလာရေးအတွက် စကားပုံများ၏အစကိုဖော်ပြထားလျက် စကားပုံတစ်ခု၏ အရှည်ကို မိမိဉာဏ်ရည်ဉာဏ်သွေးနှင့် အသိပညာဗဟုသုတများ ပေါင်းစပ်၍ဖြေဆိုရပြီး စကားပုံကို မှန်ကန်စွာဖြေဆိုနိုင်သူ ကျောင်းသား/သူက စကားပုံ၏ အဓိပ္ပါယ်ရည်ညွှန်းချက်နှင့် အသုံးပြပုံတို့ကို ပြန်လည်ရှင်းပြဖြေကြားခဲ့ပါသည်။ ထို့အပြင် စကားပုံဆက်ပြိုင်ပွဲတွင် အမှတ်အများဆုံးဖြေဆိုနိုင်သော ကျောင်းသား/သူများကိုလည်း မြို့ဦးစီးမှူးက စာရေးကိရိယာများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲတွင် ပါဝင်ခဲ့ကြသော ကျောင်းသား/သူများကိုလည်း ပြည်သူ့စာကြည့်တိုက်တွင် ငှားရမ်းဖတ်ရှုနိုင်သော အထွေထွေဗဟုသုတစာအုပ်စာစောင်များ၊ သုတရသစာပေများ၊ မဂ္ဂဇင်းများ၊ ဝတ္ထုတိုများကို ခင်းကျင်းပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူတို့က စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရပါသည်။
မန့်ဟီးရိုး(ပြန်/ဆက်)