ဥတ္တရသီရိ စက်တင်ဘာ ၇
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်အတွင်း တောင်ညိုချောင်း ရေလျှံမှုကြောင့် ကျေးရွာများအတွင်း ပြိုကျပျက်စီးခဲ့သော လူနေအိမ် တိုက်အိမ် ၁ လုံး၊ မြေစိုက်အိမ် ၄ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့်ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ခြင်းတွင် နေပြည်တော် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်နှင့် တာဝန်ရှိသူများ၊ တိုင်းစစ်ဌာနချုပ်မှ တပ်မမှူးများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက မင်းကုန်းကျေးရွာအုပ်စု၊ မအူလေးပင်ကျေးရွာ၊ တောင်ညိုကျေးရွာအုပ်စု၊ ပြည်တော်လင်းကျေးရွာ၊ သရက်တောကျေးရွာအုပ်စု၊ ပိုးစာတောကျေးရွာတို့မှ ပြည်သူများအား အိမ်ဆောက်ပစ္စည်း ရန်ပုံငွေကျပ် ၆၅၀၀၀ဝ၊ ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ ၅ ပုံး တန်ဖိုးကျပ် ၂၃၀၁၈၀ နှင့် လူဦးရေ ၂၀ ဦးတို့အတွက် ဆန်ရိက္ခာစာရန်ပုံငွေကျပ် ၄၂၀၀ဝ၊ စုစုပေါင်း ထောက်ပံ့မှုတန်ဖိုး ၉၂၂၁၈၀ ကျပ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)