မူဆယ်မြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများ ကျင်းပ

မူဆယ် စက်တင်ဘာ ၇

၂၀၂၃ခုနှစ်၊စက်တင်ဘာ(၈)ရက်နေ့တွင် ကျရောက်မည့် “နိုင်ငံတကာစာတတ်မြောက်ရေးနေ့” အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် စက်တင်ဘာလ ၅ ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်က ကျောင်းစာဖြေခန်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါပြိုင်ပွဲများတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ “စာတတ်မြောက်ရေး သင်ကြားပေး မနှေးဆောင်ရွက် တိုင်းပြည်အတွက်”ခေါင်းစဉ်ဖြင့် ထက်/လယ်/မူအဆင့် စာစီစာကုံးပြိုင်ပွဲကို ကျောင်းသား/သူ(၁၅)ဦး၊ “ဘဝပန်းများ ပွင့်လန်းစေချင် စာကိုသင်”ခေါင်းစဉ်ဖြင့် ထက်/လယ်အဆင့် ကဗျာပြိုင်ပွဲကို ကျောင်းသား/သူ (၆)ဦး၊ “စာတတ်မြောက်မှု အစဉ်ရှေးရှု”ခေါင်းစဉ်ဖြင့် ထက်/လယ်အဆင့် ပန်းချီပြိုင်ပွဲကို ကျောင်းသား(၆)ဦးနှင့် “စာပေတတ်မှ ဘဝမြတ်လိမ့်”ခေါင်းစဉ်ဖြင့် ထက်/လယ်အဆင့် ပိုစတာပြိုင်ပွဲအား ကျောင်းသား/သူ(၆)ဦးတို့က ဝင်ရောက် ပါဝင်ဖြေဆိုယှဉ်ပြိုင်ခဲ့ကြပါသည်။

နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ စုစုပေါင်း (၃၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မူဆယ်မြို့နယ်အတွင်းရှိ အခြားသော အခြေခံပညာရေးကျောင်းများတွင်လည်း ပြိုင်ပွဲများကို ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)