ဟိုပုံးမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ပြုလုပ်

ဟိုပုံး စက်တင်ဘာ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စက်တင်ဘာလ (၇)နေ့တွင် ကျရောက်မည့် သန့်ရှင်းသောလေထုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည်။

ဟောပြောပွဲတွင် မြို့နယ်ပတ်ဝန်းကျင်းထိန်းသိမ်း‌ရေးဦးစီးဌာနမှ ဒုတိယလက်ထောက်ဦးစီမှူး ဦးသန်းထိုက်စိုးက “လေထုသန့်ရှင်းဖို့ လက်တွဲပူးပေါင်းဆောင်ရွက်စို့ (Together for Clean Air)” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဉ်လဲ့လဲ့မွန်က ကျောင်းသား၊ ကျောင်းသူများအား ရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနကို ပြည်နယ်/ခရိုင်/မြို့နယ်များတွင် ဖွင့်လှစ်ထားရှိမှုအခြေအနေများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားသည်။  ထို့‌နောက် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဉ်လဲ့လဲ့မွန်က လေထုညစ်ညမ်းမှုနှင့်ပတ်သက်သည့်  ဉာဏ်စမ်းပဟေဠိ အမေး၊ အဖြေများ ကျောင်းသား၊ ကျောင်းသူများနှင့်ပြုလုပ်၍ ‌ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)