တန့်ယန်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်နှင့် အသက်နှစ်နှစ်အောက်ကလေးများအား ထောက်ပံ့ငွေပေးအပ်

တန့်ယန်း အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် နိုင်ငံတော်မှ လူမှုဝန်ထမ်းဦးစီးဌာန အစီအစဉ်ဖြင့် ထောက်ပံ့ ပေးအပ်သော ကိုယ်ဝန်ဆောင်နှင့် ယင်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်နှင့်အောက် ကလေးသူငယ် များအား ယနေ့နံနက် ၉ နာရီခွဲ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လက်ရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ကိုယ်ဝန်ဆောင်နှင့် ယင်းတို့မှ မွေးဖွားလာသော အသက်(နှစ်)နှစ်နှင့်အောက် ကလေးငယ် များအား ကိုယ်ဝန်ဆောင်တစ်ဦးအား တစ်လလျှင်( ၁၅၀၀၀ )ကျပ်နှုန်း၊ အသက်(နှစ်)နှစ်နှင့်အောက် ကလေးငယ်အတွက် တစ်လလျှင် (၁၅၀၀၀)ကျပ်နှုန်းဖြင့် သုံးလစာအတွက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူနှင့် ကမ္ဘာဇဘဏ် (လားရှိုးဘဏ်ခွဲ-၁) မန်နေဂျာ ဒေါ်ခမ်းအောင်လင်းတို့က ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများအား လက်ရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းနှင့်  တန့်ယန်းမြို့နယ်တွင် ကိုယ်ဝန်ဆောင် စုစုပေါင်း (၁၄၄၀)ဦးနှင့် ယင်းတို့မှ မွေးဖွားလာသော အသက်(နှစ်)နှစ်နှင့်အောက် ကလေးငယ် (၅၁၁)ဦး ရှိကြောင်း သိရသည်။                                         

 မင်းလွင်ဦး(ပြန်/ဆက်)