ခရမ်းမြို့နယ် ပိန်းကန်ကျေးရွာတွင် ပြည်သူမှပြည်သူသို့ အခြေခံစားသောက်ကုန်များ လှူဒါန်း

ခရမ်း  အောက်တိုဘာ ၁၆


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ကြောင့် အလုပ်အကိုင် အဆင်မပြေ၍ စားဝတ်နေရေး အခက် အခဲဖြစ်နေသည့် အိမ်ထောင် စုများအား အခြေခံစားသောက်ကုန်နှင့် အလှူငွေများလှူဒါန်းခြင်းကို ယမန်နေ့  နေ့လယ်ပိုင်းက ခရမ်းမြို့နယ် ပိန်းကန် ကျေးရွာတွင်ဆောင်ရွက်ခဲ့ကြသည်။
ခရမ်းမြို့နယ်  ပိန်းကန် ကျေးရွာတွင် အိမ်ထောင်စု (၇၂၀ ) အား ကိုဗစ်-၁၉  ကပ်ရောဂါဆိုးကြီး ကြောင့် ကျေးရွာနေ ပြည်သူများ စားဝတ်နေရေးပြေလည်စေရန်အတွက်  ပိန်းကန်ကျေးရွာ  အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ပိန်းကန်ကျေးရွာနေ အလှူရှင်ပြည်သူများ နှင့် အဝေးရောက် ပိန်းကန်နယ်ဖွားအဝေးရောက် ပြည်သူများ ပူးပေါင်းပြီး အိမ်ထောင်စု တစ်စုလျှင် ဆန်(၃)ပြည် နှုန်းဖြင့် ပထမအကြိမ် ထောက်ပံ့ လှူဒါန်းခြင်း ဖြစ်ပြီးဆက်လက် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
ပိန်းကန်ကျေးရွာတွင် အိမ်ထောင်စု (၉၄၀ )စု ရှိပြီး အများစုမှာ အခြေခံ လက်လုပ်လက်စား ပြည်သူများဖြစ်ပြီး ယခုအခါ ကိုဗစ် -၁၉ ကမ္ဘာ့ကပ်ရောဂါဆိုးကြောင့် ကျေးရွာနေ ပြည်သူများက စုပေါင်း၍ လှူဒါန်းကြခြင်းဖြစ်ပြီး လိုအပ်ချက်များလည်း ဆက်လက်၍ စုပေါင်းအားဖြင့် ထပ်မံလှူဒါန်းသွားမည်ဖြစ် ကြောင်းသိရှိရသည်။
ကိုမင်း(ခရမ်း)