ပင်လုံ စက်တင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၃)၊ အခြေခံပညာအလယ်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ အမှတ်(၃)၊ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသူဇာက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူမှ Social-Media အကြောင်း သိကောင်းစရာများနှင့်ပတ်သက်၍ ဟောပြောပေးခြင်း၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စကားဝါက တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ရာသီအလိုက် ဖြစ်ပေါ်တတ်သော ရောဂါများနှင့် ကာကွယ်ရေးနည်းများအကြောင်း ဟောပြောပေးခဲ့ပါသည်။
ထို့နောက် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား အခမဲ့ကွင်းဆင်းကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
မြို့နယ် (ပြန်/ဆက်)