တောင်ဥက္ကလာပမြို့နယ်ရှိ မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်း

တောင်ဥက္ကလာပ အောက်တိုဘာ ၁၆


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌  ကိုဗစ်-၁၉  ရောဂါကာလ အတွင်း ဆွမ်းအခက်အခဲမရှိစေရန်အတွက် မြင်သာမြို့ဦး ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို ယမန်နေ့က ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
ထိုသို့လှူဒါန်းရာတွင် မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၌ သီတင်းသုံးနေထိုင်လျက်ရှိသော ရဟန်း၊ သာမဏေ၊ ကျောင်းသား (၅၀၀)ကျော်အား ကိုဗစ်-၁၉  ရောဂါကာလအတွင်း ဆွမ်းအခက်အခဲမရှိစေရန်အတွက် အလှူရှင်များဖြစ်သော အမှတ် (၁၄/၂) ရပ်ကွက် ပုညကာရီဓမ္မာရုံမိသားစုတို့မှ ဆွမ်းဆန်တော် (၆၅)အိတ်၊ အမှတ် (၇) ရပ်ကွက် (၁၄)လမ်းနေ ဦးတင့်ဇော်ဦး+ဒေါ်ဖြူဖြူသန်း မိသားစုတို့မှ ငါးနှင့် ဟင်းသီးဟင်းရွက် ကုန်စိမ်း အစရှိသည့်  ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ သွားရောက် ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဝင်းထက်ထက်အောင်