မိုင်းနောင်မြို့ (Community Centre) တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးအားလုံး ပူးပေါင်းပါဝင်ပေး စာဖတ်ဝိုင်း၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြုလုပ်

မိုင်းနောင် စက်တင်ဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ရုံး (Community Centre) တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အားလုံးပူးပေါင်းပါဝင်ပေး စာဖတ်ဝိုင်း၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာမိုင်းနောင်မြို့ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ရီမှ နယ်စပ်ဖြတ်ကျော်၍ အလုပ်လုပ်ကိုင်ရန်သွားလာမည်ဆိုပါက လူကုန်ကူးခံရနိုင်သည်ကို အထူးဂရုပြုရန် လူကုန်ကူးခံရသည် ဟုသံသယရှိပါက ဆက်သွယ်ရမည့်ဖုန်းနံပါတ်များအား သတင်းပေးအကူအညီ တောင်းခံကြရန်၊ လူပွဲစားများ အသုံးပြုသော နည်းလမ်းများအား ရှင်းလင်းဟောပြောကာ အမျိုးသမီးရေးရာအဖွဲ့ဝင်များက လူကုန်ကူးမှု ပြစ်မှုပြစ်ဒဏ်များနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။

ဆက်လက်၍ (Book Club) အသင်းဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့အသင်းဝင်များသည် (Community Centre) တွင်ပြသထားသော လူကုန်ကူးမှုတိုက်ဖျက်ရေး အားလုံးပူးပေါင်း ပါဝင်ပေးအထိမ်းအမှတ် နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မနန်း(မိုင်းနောင်)