ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်

ဒဂုံတောင် အောက်တိုဘာ ၁၆


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ အမှတ်(၇၁)ရပ်ကွက်သမိန်ဗရမ်းလမ်း လမ်းခင်းကျင်း နေမှု အခြေအနေများကို ယနေ့နံနက်(၉)နာရီအချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကြည့်ရှုစစ်ဆေးခဲ့ရာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်  အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းနိုင်ဦးဆောင်၍ မြို့နယ်စည်ပင်သာယာ တာဝန်ရှိသူများနှင့် အတူ ကြည့်ရှုစစ်ဆေးကာ တည်ဆောက်နေမှုအခြေအနေနှင့်ပတ်သက်၍ လမ်းများ တည်ဆောက်ရာတွင် သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီတည်ဆောက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြေပြင်အခြေအနေအား လှည့်လည်ကြည့်ရှုကာတာဝန်ရှိသူများအား လိုအပ်သည်များ ဆွေးနွေး ပြောကြားခဲ့ကြောင်သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)