စဉ့်ကိုင် စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်၀င်း၀င်းသန်းက ပြိုင်ပွဲများကျင်းပရခြင်းနှင့်ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး မူလတန်း အဆင့်ကဗျာရွတ် ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ(၁၅)ဦး နှင့် ပုံပြင်ပြောပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကျောင်းသား / ကျောင်းသူ (၁၀)ဦး တို့က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပခဲ့ရာ ဦးသန်းဝင်းအမှတ်ပေးဒိုင်မှ ပြိုင်ပွဲစည်း မျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ရာ ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူ(၁၂)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဝင်းဝင်းသန်း