မက်မန်း စက်တင်ဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အကြို စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မက်မန်းမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး) က နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ဖြစ်ပေါ်လာပုံအကြာင်းနှင့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းကမ်းချက်များကို ရှင်းလင်း ဟောပြောခဲ့သည်။ ထို့နောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အကြို စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် ဉာဏ်စမ်းပြိုင်ပွဲကျင်းပခဲ့ရာ မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ Grade-6 ကျောင်းသား၊ ကျောင်းသူ (၃၀) ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
ဆက်လက်၍ ဆုရရှိသော ကျောင်းသား ၊ကျောင်းသူများအား ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိတို့က ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဒေသအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ ယှဉ်ပြိုင်လိုသော စွမ်းရည်များတိုးတက် မြင့်မားလာရေးးအတွက် နေ့ထူးနေ့ရက်အလိုက် ပြိုင်ပွဲများကို ကျင်းပလျက်ရှိကြောင်းလည်း သိရသည်။
စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)