ကျေးသီး စက်တင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် အရန်မီးသတ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျေးသီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်မှသင်တန်းဖွင့်လှစ်ရခြင်း၏ ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူးဒုရဲမှူး သန်းထွန်းမှ သင်တန်းသားများအား အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်မှ တက်ရောက်လာကြသော သင်တန်းသားများအား တူညီဝတ်စုံများ ပေးအပ်ခဲ့ပြီး သင်တန်းသား (၅၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၄) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)