သာကေတမြို့နယ်၌ မိုးရာသီအခြေခံအားကစားသင်တန်းဖွင့်လှစ်

သာကေတ စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ယမန်နေ့ နေ့လယ် (၂:၃၀)ချိန်၌ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းများ၌ မိုးရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကျောင်းသားလူငယ်များကျန်းမာကြံ့ခိုင်စေရန်နှင့် မျိုးဆက်သစ်အားကစားလူငယ်မောင်မယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်ကာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ အခြေခံဝူရှူးသင်တန်းအားလည်းကောင်း အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံဘော်လီဘော အားကစားသင်တန်းများအား   (၄.၉.၂၀၂၃ မှ ၆.၉.၂၀၂၃ ထိ)မွန်းလွဲ(၂:၀၀)နာရီမှ မွန်းလွဲ(၃:၀၀)နာရီအထိ  ဦးအောင်ဆန်းမင်း (မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်)နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူးဒေါ်ခိုင်ဝေဝေနှင်းတို့မှ သင်ကြားကြောင်းသိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)