မိုင်းစံ စက်တင်ဘာ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီခွဲအချိန်က အ-ထ-က(မိုင်းစံ)ကျောင်းတွင် ကျင်းပခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးကိူယ်စား ဒေါ်ကေသွယ်စိုးမှ ကျောင်းသား/သူများအနေဖြင့် အထိမ်းအမှတ်နေ့နှင့် နေ့ထူးနေ့မြတ်များကို မြတ်နိုးတန်ဖိုးထားတတ်စေရန်အတွက် စက်တင်ဘာလ (၈) ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာစာတတ်မြောက်ရေးနေ့အဖြစ် နိုင်ငံတကာစာတတ်မြောက်ရေး ပေါ်ပေါက်လာပုံ၊ လူတိုင်းစာတတ်မြောက်ဖို့လိုကြောင်း၊ လိုက်နာဆောင်ရွက်သင့်သည့် အကြောင်းအရာများ၊ ပညာကို စနစ်တကျလေ့လာ ဆည်းပူးသင့်ကြောင်းကို အသိပညာဗဟုသုတရရှိစေရန် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မိုင်းစံ(ပြန်/ဆက်)