မိုင်းရယ် စက်တင်ဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သည့် တာဝန်ရှိသူအဖွဲ့သည် မိုင်းရယ်မြို့နယ်တွင် စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရေး၊ ဈေးကွက်အတွင်း စားသုံးဆီ ပြတ်လပ်မှုမဖြစ်ပေါ်စေရေးနှင့် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီမှစ၍ ရပ်ကွက် (၃) ခုရှိ စားသုံးဆီဆိုင်နှင့် စားသောက်ကုန်ဆိုင်များတွင် စစ်ဆေးခဲ့ကြသည်။
အဆိုပါ ပူးပေါင်းအဖွဲ့သည် မိုင်းရယ်မြို့ ရပ်ကွက် (၃) ခုရှိ စားသုံးဆီဆိုင်နှင့် စားသောက်ကုန်ဆိုင်များသို့ သွားရောက်၍ စားသုံးဆီများ သိုလှောင်ရောင်းချထားမှု အခြေအနေများ၊ စားသုံး ဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရေး၊ ဈေးကွက်အတွင်း ပြတ်လပ်မှုမဖြစ်ပေါ်စေရေးနှင့် လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရေး၊ စားသုံးသူ (End User) များ ဝယ်ယူသည့်အချိန်ထိ ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးတို့အတွက် ကွင်းဆင်းကြပ်မတ်စစ်ဆေးခဲ့ကြောင်း သတင်းရသည်။
မိုင်းရယ်(ပြန်/ဆက်)