ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်မားရေးနယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲ ကျင်းပ

ကွမ်းခြံကုန်း စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီ၊   ရန်ကုန်တောင်ပိုင်းခရိုင်၊  ကွမ်းခြံကုန်းမြို့နယ်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့က တောင်ဘက်ပိုင်းရပ်ကွက်၊ သီရိမင်္ဂလာကျောင်း၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံး၊ လက်ထောက်ကြီးရေးမှူး  ဦးထိန်းလင်းအောင်က  အမှာစကား ပြောကြားပြီး၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန     ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက   စာဖတ်ရှိန်မြှင့်မားရေးအတွက် စာဖတ်ခြင်း၏   အကျိုးကျေးဇူးအကြောင်း ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက်  ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်၊ စာစောင်များ ဖတ်ရူလေ့လာခြင်းနှင့်    ပြသထားသော ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရယ် အသိပညာပေးနံရံကပ်စာစောင်၊    လူကုန်ကူးမူဆိုင်ရာသိကောင်းစရာ  နံရံကပ်စာစောင်များ၊ မိုးရာသီတွင် ဖြစ်ပေါ်လာမည့်    ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ်  ကူညီကယ်ဆယ်ရေး နံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား၊ ကျောင်းသာများ စိတ်ပါဝင်စားစွာ   လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ဆွေနွယ် (IPRD)