တာလေမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေ ပေးအပ်

တာလေ စက်တင်ဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်လ)များ အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး အမှတ်(၃)ရပ်ကွက်အတွင်းရှိ (Maternal and Child Cash Transfer – MCCT)အကျိုးခံစားခွင့်ရရှိသော ကိုယ်ဝန်ဆောင်(၁၂)ဉီးနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ် (၄)ဉီးအတွက် တစ်ဉီးလျှင် တစ်လ(၁၅၀၀၀)ကျပ်နှုန်းဖြင့် သုံးလအတွက် စုစုပေါင်း ထောက်ပံ့ငွေ (၄၅၀၀၀)ကျပ်ကို တာလေမြို့၊ အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်နန်းခမ်းလွတ် ဉီးဆောင်သော အဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ခြင်းကို နိုင်ငံတော်အစိုးရမှ ကလေးများအတွက် ဖွံ့ဖြိုးမှုအမြင့်ဆုံးဖြစ်သည့် ကလေးဘဝအစ ရက်ပေါင်း (၁၀၀၀)ကာလအတွင်း အာဟာရပြည့်ဝစေရေးနှင့် မိခင်ရောကလေးပါ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးနိုင်စေရန် ရည်ရွယ်၍ တစ်လလျှင် တစ်သောင်းငါးထောင်ကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)