လဲချားမြို့နယ် အ-ထ-က(ခွဲ) နောင်မိန်းကျောင်းတွင် ကျောင်းကျန်းမာရေးကွင်းဆင်းစစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

လဲချား စက်တင်ဘာ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(နောင်မိန်း)ကျောင်းတွင် ကျောင်းကျန်းမာရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ကျောင်းကျန်းမာရေးကွင်းဆင်းဆောင်ရွက်ရာတွင် လဲချားမြို့နယ် ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဇင်မောင်နွယ် ဦးဆောင်သော အဖွဲ့သည် အခြေခံပညာအထက်တန်းကျောင်းခွဲ(နောင်မိန်း)ကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများ၊ ကျောင်းသား/သူများအား သန်ချဆေးတိုက်ကျွေးခြင်း အစာအာဟာရမျှတစွာ စားသုံးမှုအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

လဲချား (မြို့နယ်ပြန်/ဆက်)