ဘူးသီးတောင် စက်တင်ဘာ ၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဦးထွန်းလှိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ညနေပိုင်းက ဂန္ဓမာကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု၊ပြည်နယ်ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းနှင့် Box Culvert တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မည့်ကော်မတီဝင်များ တွေ့ဆုံခြင်းနှင့် ဆောင်ရွက်မည့်မြေနေရာများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဦးထွန်းလှိုင်၊ ဦးစီးအရာရှိ(နည်းပညာ) ဦးတင်နိုင်ထူးနှင့် စီမံကိန်းတာဝန်ခံများက တင်ဒါအောင်မြင်သော ကုမ္ပဏီ၊ ကျေးရွာကော် မတီ၊ရပ်မိရပ်ဖ၊ကျေးရွာသူ/သားများနှင့် တွေ့ဆုံကာ လိုအပ်သည့်များကို မှာကြားခဲ့ပြီး ကျေးရွာသူ၊ကျေးရွာသားများ၏တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။
ထို့နောက် တာဝန်ရှိသူများသည် ဂန္ဓမာကျေးရွာအတွင်းဆောင်ရွက်မည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းမည့်မြေနေရာအား တိုင်းတာ ခြင်းနှင့်Box Culvertတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မည့်မြေနေရာများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)