ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အ.ထ.က(၃) Quarantine centre တွင် ထားရှိသော Contact person များထဲမှ negative အဖြေထွက်ရှိသူများအား သက်ဆိုင်ရာနေအိမ်များသို့ ပြန်လည် ပို့ဆောင်

ဒဂုံတောင် အောက်တိုဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အ.ထ.က(၃) Quarantine centre တွင် ထားရှိသော Contact person များထဲမှ negative အဖြေထွက်ရှိသူ ကျား(၇၄)ဦး၊ မ(၆၇)ဦး စုစုပေါင်း(၁၄၁)ဦး တို့အား ယမန်နေ့ ညနေ(၁၆:၄၅)အချိန်က သက်ဆိုင်ရာ နေအိမ်များသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ပြန်လည်ပို့ဆောင်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်း ဦးဆောင်၍ မြို့နယ် အတွင်းရှိ ပရဟိတ ကျန်းမာရေးဝန်ဆောင်မှုအသင်းများရှိ ကားများနှင့် သက်ဆိုင်ရာ နေအိမ်များသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
ထို့နောက် negative အဖြေထွက်ရှိသူများမှ မိမိတို့အတွက် အစစအရာရာ ကူညီဆောင်ရွက် ပေးသည့် တာဝန်ရှိသူများနှင့် Volunteer များကိုလည်းအထူးပင်ကျေးဇူးတင်ပါသည်ဟု ပြောကြား ခဲ့ကြောင်း  သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)