ပျော်ဘွယ် စက်တင်ဘာ ၆
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ ကျောင်းသား၊ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါစာစီစာကုံးပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်း(၅)ကျောင်းမှ ကျောင်းသား၊ကျောင်းသူ(၂၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မကြာမီရက်ပိုင်းတွင်ပြုလုပ်မည့် အခမ်းအနားတွင် ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)