ကလော အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်ရုံးတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနည်းလမ်းများနှင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဖြန့်ဝေသည့်အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့်သိရှိပြီး စနစ်တကျ လိုက်နာကျင့်သုံး ဆောင်ရွက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ရှိ မြေစိုက်နံရံကပ် ပြဘုတ်တွင် အသိပညာပေးနံရံကပ်စာစောင်ကို ခင်းကျင်းပြသထားကြောင်း သိရသည်။
မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အကြီးအကဲများ၏ လှုပ်ရှားဆောင်ရွက်မှုများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်သည့်နည်းလမ်းများ၊ လိုက်နာရမည့်အချက်များ၊ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများ၊ မီဒီယာနှင့် သတင်းအချက်အလက် ဆိုင်ရာ သိကောင်းစရာများ၊ ကလေးသူငယ်/ လူငယ်ဆိုင်ရာ အသိပညာပေးခြင်းနေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါ၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) စနစ်တကျတပ်ဆင်ခြင်း အသိပညာပေးပိုစတာများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား၊ သင်ဒါတွေ သိပြီးပြီလားနှင့် ပတ်သက်သည့် အသိပညာပေးစာစောင်များ ကို ခင်းကျင်းပြသထားကြောင်း သိရသည်။
သင်းသင်းမော် (ပြန်/ဆက်)