ပျဉ်းမနား စက်တင်ဘာ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ (Quick Win) အစီအမံ (၅) ရပ်အား ပြည်သူများ ကျယ်ပြန့်စွာ လိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ကံဦးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးရှေ့၊ ရန်-မန်း လမ်းဟောင်းပေါ်တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး ဦးခွန်းခူနှင့် ဝန်ထမ်းများ၊ နေပြည်တော် အမှတ်-၆ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီး ဦးစောလွင်နှင့် တပ်ဖွဲ့ဝင်များ၊ ပညာရေးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းမှ မြို့နယ်တာဝန်ခံ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ် (၉၇) စီး၊ မော်တော်ဆိုင်ကယ် (၁၀၅) စီးတို့အား (Quick Win) အစီအမံ (၅) ရပ်အပါအဝင် ယာဉ်စည်ကမ်း၊ လမ်းစည်းကမ်းလိုက်နာမှု ရှိ/မရှိရှောင်ခင်စစ်ဆေးဆောင်ရွက်ခဲ့ရာ မော်တော်ယာဉ်ခါးပါတ် မပါတ် (၃) မှုနှင့် မော်တော်ဆိုင်ကယ်ဦးထုတ် မဆောင်း (၆) မှုတို့အား စစ်ဆေးအရေးယူခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)