ပျဉ်းမနား စက်တင်ဘာ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရပ်ကွက်/ကျေးရွာများအတွင်းရှိ ပြည်သူများအား ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူခြင်း လုပ်ငန်းစဉ်များကို မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း နေထိုင်သူ အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသားတို့၏ (Biographic Data) နှင့် (Biometric Data) များကောက် ယူ၍ (Database) တွင်သိမ်းဆည်းပြီး ဂဏန်း (၁၀) လုံးပါဝင်သည့် (Unique ID) နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ယောက်သွားအင်းဓမ္မာရုံ၌ ယောက်သွားအင်းအုပ်စုအတွင်းရှိ ပြည်သူ (၂၇၃) ဦးအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူသည့် လုပ်ငန်းစဉ်များအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)