အင်တောမြို့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ရွေးကောက်ပွဲနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ပညာပေးသိကောင်းစရာများကို ခင်းကျင်းပြသ

အင်တော အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အင်တောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် အင်တောမြို့နေ ပြည်သူများ အသိပညာဗဟုသုတ များရရှိရန် ရည်ရွယ်၍ ရွေးကောက်ပွဲနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သိကောင်းစရာ ပညာပေး အချက်အလက်များကို ယနေ့နံနက် ၁၀ နာရီ က ဆောင်ရွက်ပြသထားကြောင်း သိရသည်။

အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် မဲရုံအတွင်း ဘေးကင်းလုံခြုံမှုရှိစေရန် ရွေးကောက်ပွဲ ကော်မရှင်နှင့် မဲရုံအဖွဲ့ဝင်များမှ ကူညီဆောင်ရွက်နိုင်သည့် အချက်များ၊ ရွေးကောက်ပွဲအတွက် ပြည်သူများ မကြာခဏ မေးလေ့ရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ၊ အကြံပြုချက်များကို လိုက်နာပါ၊ ဘေးကင်း လုံခြုံစွာ နေထိုင်ပါ၊ ကိုဗစ်ကြောင့် သင်၏မဲပေးပိုင်ခွင့်     မဆုံးရှုံးစေရေး၊ မဲပေးသည့်အခါ လိုက်နာရမည့် စည်းကမ်းများနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများ၊ မဲစာရင်းများကို အွန်လိုင်းမှတစ်ဆင့် ကြည့်ရှုသည့်နည်းလမ်းများ စသည့် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို ပြသထားသည်။

ထို့အပြင် မီဒီယာနှင့်သတင်းအချက်အလက် သိရှိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေး ဆိုင်ရာ နည်းလမ်းများ၊ ကိုဗစ်-၁၉ ဆိုင်ရာ အချက်အလက်နှင့် ထင်မြင်ယူဆချက်များ၊ လူမှုမီဒီယာ ပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်၊ ရှောင်ရန်များ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များစသည့် အကြောင်းအရာများ ပါဝင်နေသော UNESCO မှ ပေးပို့လာသည့် ကိုဗစ်-၁၉ ရောဂါ သိကောင်းစရာရုပ်ပုံများကို ပြသထားရှိကြောင်း သိရသည်။

အောင်ခိုင်(အင်တော)