ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အား ဆေးလိပ်ငွေ့ကင်းစင်ဇုံများ သတ်မှတ်၍ အသိပညာပေး လုပ်ငန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

မြစ်ကြီးနား စက်တင်ဘာ ၆

၂၀၂၄ ခုနှစ် အာဆီယံဒေသတွင်း နိုင်ငံများတွင် ဆေးလိပ်ငွေ့ကင်းဆင်သော နယ်မြေများ တိုးတက်ပေါ်ထွန်းလာစေရေးအတွက် ASEAN Smoke Free Award(ASA) တွင် ကချင်ပြည်နယ်မှ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး မြို့တော်မြစ်ကြီးနားမြို့အား ဆေးလိပ်ငွေ့ကင်းစင်ဇုံများ သတ်မှတ်၍ အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၃ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အဆိုပါ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကော်မတီများ ဖွဲ့စည်းခြင်း၊ ပြိုင်ပွဲသတ်မှတ်ချက် စည်းကမ်းများနှင့်အညီ ယှဉ်ပြိုင်နိုင်ရေး၊ မြစ်ကြီးနားမြို့တော်အား ရွေးချယ် သတ်မှတ်ခဲ့ကြပြီး ဆေးလိပ်ငွေ့ ကင်းစင်သော နယ်မြေဖြစ်ပေါ်လာစေရေးအတွက် ဆေးလိပ်ကင်းစင်ဇုံများ သတ်မှတ်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများကို ဆွေးနွေးဆောင် ရွက်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်