နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဒက္ခိဏသီရိ အသေးစားနှင့်အလတ်စားစက်မှုဇုန်အတွင်းရှိ စက်ရုံအလုပ်ရုံများမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ တက်ရောက်

နေပြည်တော် စက်တင်ဘာ ၆

နေပြည်တော်စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ဒက္ခိဏသီရိ အသေးစားနှင့်အလတ်စားစက်မှုဇုန် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံ၌ နေပြည်တော်၊ ဒက္ခိဏသီရိ အသေးစားနှင့်အလတ်စား စက်မှုဇုန်အတွင်းရှိ လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။

ဦးစွာ နေပြည်တော်စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ဒက္ခိဏသီရိစက်မှုဇုန်ရှိ စက်မှုလုပ်ငန်းများအပါအဝင် ဇုန်ပြင်ပရှိလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနိုင်ခြင်း၊ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်လာခြင်း၊ ဈေးကွက်ယှဉ်ပြိုင်မှုများကြောင့် ကုန်ပစ္စည်းအရည်အသွေးများကို ယှဉ်ပြိုင်ထုတ်လုပ်ခြင်း၊ အရည်အသွေးမီကုန်ပစ္စည်းများအား ပြည်တွင်း၌ပင် ဈေးနှုန်းချိုသာစွာဖြင့် သုံးစွဲလာနိုင်ခြင်းတို့ကြောင့် စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် အားပေးဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိသော၊ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှုများဖြစ်စေရန် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များက ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် ဒက္ခိဏသီရိအသေးစာနှင့် အလတ်စားစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီိဥက္ကဋ္ဌ ဦးသန်းစိုးက ဒက္ခိဏသီရိစက်မှုဇုန်အတွင်းရှိ စက်ရုံအလုပ်ရုံများလည်ပတ်နေမှု၊ ထပ်မံ တည်ဆောက်နေသည့် စက်ရုံများအခြေအနေ၊ စက်မှုဇုန်အတွင်း Infrastructure လုပ်ငန်းများဆောင် ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေမှုအခြေအနေများ၊ ဒက္ခိဏသီရိ အသေးစာနှင့်အလတ်စား စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး တည်ဆောက်မည့် အခြေအနေများအားလည်းကောင်း၊ တက်ရောက်လာသည့် လုပ်ငန်းရှင်များမှ လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ ကော်မတီအဖွဲ့ဝင်များမှ စက်မှုဇုန်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုအခြေအနေများအားလည်းကောင်း၊ စက်မှုဇုန်လည်ပတ်နေမှု အခြေအနေများအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အဆိုပါတင်ပြချက်များအပေါ် အပေါ်လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးတို့သည် တာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိ အသေးစာနှင့် အလတ်စားစက်မှုဇုန်အတွင်းရှိ MYANMAR NEW POWER MOTORCYCLE Co.,Ltd မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်သည့် စက်ရုံသို့ သွားရောက်၍ SKD စနစ်ဖြင့်ထုတ်လုပ်သော မော်တော်ဆိုင်ကယ်များနှင့် EV မော်တော် ဆိုင်ကယ်များ တပ်ဆင်ထုတ်လုပ်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် စက်ရုံအတွင်းခင်းကျင်း ပြသထားသော ဒက္ခိဏသီရိအသေးစာနှင့် အလတ်စားစက်မှုဇုန်မှ ထုတ်လုပ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း(MSMEs) ထုတ်ကုန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)