မုံးကိုးမြို့၌ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)က မူလတန်း ကျောင်းသား/သူများအား တစ်လစာအတွက် (၁)ကြိမ် ရက်ချိန်းစနစ်ဖြင့် အာဟာရ ဖြည့်မုန့်များပေးဝေ

မုံးကိုး       အောက်တိုဘာ   

မူဆယ်ခရိုင်၊ မုံးကိုးမြို့ နယ်စပ်ဒေသ၊ အခြေခံပညာ အထက်တန်းကျောင်း၌ ပညာသင်ကြား နေကြသည့် မူလတန်းအဆင့် ကျောင်းသား/ သူများအား အာဟာရဖြည့်မုန့်များကို ယနေ့၊ နံနက်(၈)နာရီခွဲ အချိန်ခန့်က အာဟာရဖြည့် မုန့်များဖြန့်ဝေပေးသည်။

အဆိုပါ အာဟာရမုန့်များကို ကမ္ဘာ့စာနပ်ရိက္ခာအဖွဲ့ (WFP)က ဖြန့်ဝေပေးခြင်းဖြစ်ပြီး မူလတန်းအဆင့် ကျောင်းသား/သူ စုစုပေါင်း(၂၈၁)ဦးအား ကျောင်းတက်ရက်()လစာအတွက် အာဟာရဖြည့် မုန့်များကို ဆရာ/ဆရာမများက အချိုးကျခွဲဝေပေးသည်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)က ကျောင်းသား၊ ကျောင်းသူများ အတွက် အာဟာရဖြည့်မုန့်များကို ယခင်()လ ကာလအတွင်း လည်း ပေးဝေခဲ့ကြောင်းသိရပြီး ယခုအကြိမ်သည် စတုတ္ထအကြိမ် ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးစိန်ဝိုင်းထံမှ သိရှိသည်။

ကိုဗစ်-၁၉ရောဂါ ကာလ၌ အခြေခံကျောင်းများ ယာယီပိတ်ထားသည့်အတွက် အာဟာရမုန့်များကို ဖြန့်ဝေပေးရာ၌ တစ်လစာအတွက် ()ကြိမ် ရက်ချိန်းစနစ်ဖြင့် ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။

သန်းဇော်ဦး(ပြန်ဆက်)