နမ့်ခမ်း အောက်တိုဘာ ၁၆
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကူးစက် ဖြစ်ပွားခြင်းမှ ကြိုတင်ကာကွယ်တားဆီးရေးနှင့်ပတ်သက်၍ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ မှန်ကန်စွာ သိရှိနိုင်ရန်၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များကို သိရှိ၊ လိုက်နာ၊ ကျင့်သုံး နေထိုင်သွားလာနိုင်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို နံရံကပ်ပြဘုတ်၊ မြေစိုက်ပြဘုတ်နှင့် Online မီဒီယာတို့မှတစ်ဆင့် ဆောင်ရွက်လျက်ရှိသည်။
နံရံကပ်ပြဘုတ်နှင့် မြေစိုက်ပြဘုတ်တို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာသည့် လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန် အသိပေးနှိုးဆော်ချက်များ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများ ဖော်ပြကပ်ထားပြသခြင်းနှင့် ပြည်သူလူထုများ အနေဖြင့် မှန်ကန်သည့် သတင်းအချက် အလက်များကို လွယ်ကူမြန်ဆန်စွာ သိရှိနိုင်ရန် (Online media face−books page) တို့တွင် အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးလျက်ရှိကြောင်း သိရသည်။
ဆိုင်ထွန်း(ပြန်/ဆက်)