မန္တလေး စက်တင်ဘာ ၆
(၂၀၂၃)ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီး သူများအား ဆေးတက္ကသိုလ် (မန္တလေး) တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်မှ စတင်၍ နံနက် (၉:၃၀)နာရီမှစ၍ ညနေ(၄:၃၀)နာရီအတွင်း ပိတ်ရက်မရှိ ချမ်းအေးသာစံမြို့နယ် လမ်း(၃၀)ပေါ်ရှိ ဆေးတက္ကသိုလ်-(မန္တလေး) တွင် လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
စက်တင်ဘာလ ၅ ရက်နေ့အထိ ဆေးတက္ကသိုလ်(မန္တလေး) ဝင်ခွင့် လျှောက်ထားသူ (၆၀၀) ဦးကျော်ရှိပြီ ဖြစ်ပြီး စက်တင်ဘာလ ၁၀ ရက်နေ့အထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)