တံတားဦး ဩဂုတ် ၉
တံတားဦးခရိုင် တံတားဦးမြို့နယ်မိခင်နှင့်ကျန်းမာရေးဌာနက အသက်(၅)နှစ်အောက် (၆ လမှ ၄နှ စ်၊ ၁၁ လမှ ၂၉ ရက်အထိ) ကလေးငယ်များအား မျက်စိအားဆေး ဗီတာမင်အေဆေးလုံးနှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့ပေါ်ရပ်ကွက်များသို့ အလှည့်ကျ လှည့်လည်တိုက်ကျွေးပေးကြောင်း သိရသည်။
အဆိုပါဆေးများ တိုက်ကျွေးပေးရာတွင် အသက်(၆)လမှ(၁၁)လအတွင်းရှိ ကလေးငယ်များကို ဗီတာမင်အေ ယူနစ်တစ်သိန်းအားဆေးကိုလည်းကောင်း၊ အသက်(၁)နှစ်မှ(၅)အောက် ကလေးသူငယ်များကို ဗီတာမင်အေ ယူနစ်နှစ်သိန်းအားဆေးကိုလည်းကောင်း၊ အသက်(၂)နှစ်မှ (၄)နှစ်အထိ ကလေးငယ်များကို သံချဆေး (Albendazole) ကိုလည်းကောင်း တိုက်ကျွေးပေးခဲ့ကြောင်းသိရသည်။
မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနအနေဖြင့် အသက်(၅)နှစ်အောက် ကလေးအာဟာရလုပ်ငန်းကို ဖေဖော်ဝါရီလတွင်(၁)ကြိမ်၊ ဩဂုတ်လတွင်(၁)ကြိမ် စုစုပေါင်း(၂)ကြိမ် တိုက်ကျွေးပေးခဲ့ရပြီး ယခုဩဂုတ်လသည် ဒုတိယအကြိမ်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန တာဝန်ခံအမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်နွယ်နွယ်ဦးထံမှသိရသည်။
ရဲတင့်(ပြန်/ဆက်)