တံတားဦးမြို့နယ်တွင် ပြည်သူ့စာကြည့်တိုက် Community Centre ၌ ပြပွဲ၊ ပြိုင်ပွဲများကျင်းပနိုင်ရေး အကြိုညှိနှိုင်းစည်းဝေး

တံတားဦး ဩဂုတ် ၂၃

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင်၌ ပြပွဲ၊ ပြိုင်ပွဲများကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ(၂)နာရီက ကျင်းပကြောင်းသိရသည်။

အကြိုညှိနှိုင်းအစည်းအဝေးတွင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ၂၀၂၃ ခုနှစ်အတွင်း ကျရောက်သည့် အခမ်းအနားများတွင် ကျောင်းသား ၊ ကျောင်းသူများနှင့် ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားရရှိရေးအတွက် လအလိုက် ပြသသင့်သည့်ပြဘုတ်များကို အရောင်အသွေးစုံလင်စွာဖြင့် ခင်းကျင်းပြသဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ပြိုင်ပွဲများကိုလည်း ပူးတွဲကျင်းပပေးမည်ဖြစ်ရာ လိုအပ်သည်များကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသူများမှ မိမိတို့အနေဖြင့် လိုအပ်သည်များကို စေတနာအပြည့်အဝဖြင့် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသီးသီးဆွေးနွေးကြရာ အဆိုပါအကြိုညှိနှိုင်း အစည်းအဝေးသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)