မိုင်းလုံ စက်တင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် နယ်မြေရဲစခန်းမှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား ဒေသတွင်းမီးရှို့ပျက်ဆီးပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
မူးယစ်ဆေးဝါးများပျက်စီးရာတွင် မိုင်းလုံမြို့နယ်မြေခံတပ်ရင်းမှ ဗိုလ်ကြီးထူးခန့်နှင့်အဖွဲ့၊ နယ်မြေရဲစခန်းမှ စခန်းမှူး ဦးမောင်မောင်စိုးနှင့်အဖွဲ့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသောင်းထွဍ်လင်း၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး အများရှေ့တွင် မူးယစ်ဆေးဝါးများကို ဖွင့်ဖောက်စစ်ဆေးခြင်းနှင့် အရေအတွက်စစ်ဆေးပြီးနောက် မီးရှို့ပျက်စီးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ စိတ်ကြွဆေးပြား(၅၅၉၉၉)ပြား၊ ဘိန်းဖြူမှုန့် ဆပ်ပြာခွက်(၁၆)ခွက်တို့ကို ဖမ်းဆီးရရှိခဲ့ကြောင်းကို မိုင်းလုံမြို့နယ်မြေရဲစခန်းမှ စခန်းမှူး ဦးမောင်မောင်စိုးထံက သိရသည်။
ဇော်ဇော်