အင်းစိန်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ရန်ကုန် စက်တင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ စာဖတ်ရှိန်မြင့်မားစေရန်၊ အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်နှင့် အတွေးအခေါ်များမြင့်မားလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်အသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အင်းစိန်မြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ဧရာဝတီခန်းမတွင် ကျင်းပသည်။

ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ ဦးစီးအရာရှိဒေါ်ခင်နှင်းကြည်က အမှာစကားပြောကြားပြီး အင်းစိန်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးဒေါ်ရီရီမြင့်က ကျေးဇူး တင်စကား ပြောကြားသည်။

ထို့နောက် လူငယ်အသိပညာပေးဟောပြောပွဲတွင် အင်းစိန်မြို့နယ်၊ အခြေခံပညာဦးစီးဌာန၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်မိမိမော်က လူငယ်၏အနာဂတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အင်းစိန်မြို့နယ်၊ စာရေးဆရာအသင်းအတွင်းရေးမှူး စာရေးဆရာရန်မိုးအောင်(အင်းစိန်)က စံပြပုဂ္ဂိုလ်ဖြစ်ဖို့လိုတယ်ခေါင်းစဉ်တို့ဖြင့် အသီးသီးဟောပြောပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ကျပန်းစကားပြောပြိုင်ပွဲကို အင်းစိန်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စာပေမြင့်မှလူမျိုးတင့်မည်၊ ကျန်းမာခြင်းသည် လာဘ်တစ်ပါး၊ ယနေ့လူငယ်နောင်ဝယ်လူကြီး၊ ချစ်မြတ်နိုးစရာ မြန်မာ့အနုပညာနှင့်ပညာရဲရင့်ပွဲလယ်တင့်ခေါင်းစဉ်များဖြင့် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ယင်းနောက် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုရရှိခဲ့ကြသော ကျောင်းသား၊ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများကဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံးမှ ပြသထားသည့် စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်း သူများက စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို( ပြန်/ဆက်)